Welcome to Dhamma Viman

Standard
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
“Namo tassa Bhagavato Arahato Sammasambuddhassa”
Homage to the Buddha, the Blessed One, the Worthy One, the Fully Enlightened One!
ဗုဒ္ဓဓမ္မဖြင့် သင်၏ ဘ၀ကို မြင့်စေလော့
Ceremonies of DhammaViman Monastery in 2009June 27, 2009, Saturday
1) Warso Ceremony and Ordination Ceremony
(၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် ရှင်ပြုရဟန်းခံပွဲ)

September 19, 2009, Saturday Evening
2) Thitin Kyut Ceremony
(သီတင်းကျွတ်ဆီမီးပူဇော်ပွဲ)

October 31, 2009, Saturday
3) Kahtein Ceremony
(ကထိန်သင်္ကန်းကပ်လှူပွဲ)

ကောင်းသောအတုခိုးကြလော့
ရှေးအခါက ကုန်သည်တဦးသည် လှည်းဖြင့်ကုန်ရောင်းထွက်ခဲ့လေ၏။ လှည်းပေါ်တွင် ကြက်မလေး တစ်ကောင်ကို တင်ယူခဲ့၏။ စခန်းတနေရာ တွင် လှည်းဖြုတ်ရပ်နားလေသော် ထိုကြက်မ လေးသည်ကျီးနှင့်မှောက်မှား၍ သံဝါသငြားလေ၏။
ထိုကြက်မငယ်၏ ဥခွံမှပေါက်ဖွားလာသော သတ္တ၀ါလေးသည် အသံပြုသောအခါ ကြက်သံလည်း မပြီ၊ ကျီးသံ လည်းမကျ ကပြားသံထွက်၍နေလေသတက်။ မိခင်ဖြစ်သူ ကြက်မ၏ အသံကိုမြည်ကြည့်သော် “အောကလိအာ”ဟုထွက်လေ၏။ ဖခင်ဖြစ်သူ၏ ကျီး၏အသံကဲ့သို့ မြည်ပြန်သော် “အာကလိအောက်”ဟူ၍မည်လေသတဲ့။
(၀ိနည်း-စူဠ၀ဂ္ဂပါဠိတော်)။
စာရေးသူတို့နိုင်ငံသည် ဗုဒ္ဓဘာသာကိုအများဆုံး ကိုးကွယ်သောနိုင်ငံဖြစ်သည်။ စာရေးသူတို့ လူမျိုးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့ သောအလေ့အထ အမူအကျင့်တို့ကို ထိုဗုဒ္ဓဘာသာမှ မကုန်နိုင် မခန်းနိုင်ရရှိထားပေ သည်။ ဤအချက်ကို “အောက်ကလိအာ၊ အာကလိအောက်”လူတန်းစားတို့သဘော ပေါက် နားလည်ရန်လိုအပ်ပေသည်။
လူတို့စိတ်သည် မကောင်းသော အာရုံတို့၌ အလေ့အလာမြဲ၏။ အစွဲပြင်းထန်၏။ အတင်း အလျော့နှစ်မျိုးတွင် အလျော့ဘက်တွင် အလေးကဲတက်ကြ၏။ ကောင်းသော အလေ့အထတို့ကိုမူ မယူချင်ဘဲ မျက်နှာလွှဲတက် ကြသည်။ ဥပမာအားဖြင့် ဆေးလိပ် ကြိုက်သော ချောင်းဆိုးပန်နာ (တီဘီ) ဝေဒနာရှင်တဦးအား ဆေးလိပ်ဖြတ် ရန်ပြောလျှင် အလွယ်တကူဖြစ်မည်မဟုတ်ချေ။
ခေါင်းအုံးရင်အပ်၍ ဖင်ထောင်နေအောင် ချောင်းဆိုးအမောဆို့ခံနေသူတွေ ဒုနှင့်ဒေးရှိ ပေမည်။ အရက်သေစာ သောက်စားသူအား မသောက်ရန်ဖျောင်းဖျ ပြောဟောလျှင် ပြောသူသာ အရှုးဖြစ်လေမည်။ အရက်လေး တမြမြဖြင့် ဤအရက်သောက်ခြင်းကြောင့် မည်သို့မည်ပုံ တခြားကောင်းမွန်ကြောင်း ကျန်းမာရေးနှင့်ညီညွတ် ကြောင်းအရက် ဒေသနာကို သူကပြန်၍ တွင်တွင်ဟောချိမ့်မည်။ အရက်သောက်လွန်း၍ အသဲကျွမ်းကာ သက်ဆိုး မရှည်သူ၊ ဦးနှောက်ပျက်သွားသူ၊ လက်ခြေတွေတုန်ချိလျက် မည်သည့်အလုပ် မျှမလုပ်နိုင်-မလုပ်ချင်သူ လူ့ အညွှန့်တုံးတို့ကို မြင်တွေ့နေရသော်လည်း အရက် သောက်သူ ဦးရေကား လျော့ပါးမသွားချေ။
“ဤအရည်သောက်တတ်မှ လူတောဝင်ဆန့်သည်။ ဤအရည်ဖြင့် ဧည့်ဝတ်ပြုမှ လူကြီး လူကောင်းပီသ သည်” ဟူသောအယူအဆသည် ယနေ့ခေတ်လူကြီးလူကောင်းတို့၌ စွဲမြဲ နေသမျှ ဤသို့ပင်ဖြစ်ဖြစ်ရ ပေမည်။
ဘိန်းသည်ဆိုးဝါးသကဲ့သို့ အရက်သေစာသည်လည်း လူတို့၏ဦးနှောက်နှင့် နှလုံးသား ကိုလည်းကောင်း၊ မြန်မာ့ စာရိတ္တမဏ္ဍိုင်ကြီးကိုလည်းကောင်း လှိုက်၍စားနေသည့် “ဆိုးဝါးသောလောက်ကောင်” အဖြစ်မြင်ကြပါလျှင် မည်မျှ အဖိုးတန်လေမည်နည်း။
ဤနေရာတွင် လူငယ်ကာတွန်းရေးဆရာမင်းထွတ်၏ စာလေးကိုဖေါ်ပြလိုသည်။ သူသည်ဘာကြောင့်သေရ သည်ဟု တရားခံညွှန်ပြထားသော စာဆိုလျှင်လည်း မှားမည် မထင်ပေ။ မသေမီ ၁၅-ရက်ခန့်က သူသည် အောက်ပါစာလေးကို ရေးသားခဲ့သည်ဆို၏။
သက်ဆိုရာသို့….ကျွန်တော်သည် လွန်ခဲ့သော ၁၃-နှစ်မှမှစ၍ အရက်သောက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါ သည်။ ယခုကျွန်တော် သွေးအန်၍ သေမည်ထင်သည်။ ကျွန်တော် သေ လျှင် ကျွန်တော်၏ ရုပ်ခန္ဓာကို ဆေးဘက်သုတေသနပြုရန် လွှဲအပ်လှူဒါန်းပါသည်။ မင်းထွတ်(အကြောင်းဖေါ်ပြန်ရန်မလိုပါ)
စာရေးသူ၏ ဦးကြီးတော်တဦးကား ရောဂါအသဲ့အသန်ဖြစ်နေချိန်မှာပင် ထန်ရည်လေး တခွက်ကို သနားဘွယ်ရာ တောင်းရှာလေသည်။ ဤထန်ရေလေးတခွက် ၀င်သွားတော့ မှပင်အသေဖြောင့်သွားရှာသည်ကို ကိုယ်တွေ့ ကြုံရဘူးသည်။
ရာဇ၀င်၌ တရုတ်ပြေးမင်းသည် ဟင်းခွက်ပေါင်း (၃၀၀)ဖြင့်တည်လေ့ရှိသည်ဆို၏။ ရှုံး၍ ထွက်ပြေးရစဉ် ဟင်းခွက်ပေါင်း (၁၅၀)မျှဖြင့် ပြင်ဆင်ဆက်သရာ “ငါ့ကံနှယ်ဆိုးလိုက် လေခြင်း” ဟုဟင်းခွက်နည်း၍ ၀မ်းနည်း ပန်းနဲမျက်ရည်ကျရှာသတဲ့။
ဘုရားရှင်လက်ထက်တော်က နန္ဒမည်သော နွားသတ်သမားသည် အမြဲတမ်းရက်စက် ကြမ်းကြုတ်သော အလုပ် ကိုလုပ်လျက်ရှိ၏။ အသားဟင်းမပါလျှင်လည်း ထမင်းမျိုမကျ ဟုဆို၏။ တခါသော် ထမင်းပွဲတွင် အသားဟင်း မပါသဖြင့် အရှင်လတ်လတ်နွားလျှာကို ဓားဖြင့်လှီး၍ ဖုတ်ကင်စားလေသည်။
ရှေးကဘုရင်ကြီးတပါးသည် အရက်သေစာကိုလည်း သောက်စား၏။ အမဲဟင်းလျာကို လည်းကြိုက်နှစ်သက်၏။ တနေ့သော် သားတော်လေးအား ယုယုယယပိုက်ထွေးနေစဉ် ပွဲတော်ဆက်သလေရာ အမဲဟင်းလျာ မပါသဖြင့် အလွန်စိတ်ဆိုးလှသောကြောင့် မူးမူးရှုးရှုးနှင့် သားငယ်၏လည်မျိုကို ညှစ်ချိုး၍ အသားဟင်းအမြန်ချက် စေကြောင်း ဇာတ်တော်၌ဖတ်ရှုရပေသည်။
ဤဖြစ်ရပ်လေးများကို ဖေါ်ပြနေခြင်းမှာ မကောင်းသည့်အရာ၌ စွဲလမ်းကြပုံ ပေါ်လွင်စေ ချင်၍ဖြစ်ပါသည်။ “အသားဟင်းမပါလျှင် မစားနိုင်” ဟူသောအစွဲကြောင့် အရှင်လတ်လတ် နွားလျှာကိုလှီးဖြတ်ခြင်း၊ သားအရင်း ကိုပင် ရက်စက်စွာသတ်ရက်ခြင်းတို့သည် အဘယ်မျှဆိုးရွားပါသနည်း။
မကောင်းသည့် အာရုံတို့၌ ဤကဲ့သို့အစွဲအလမ်းထားပါလျှင် လူမဆန်သော ရက်စက် ကြမ်းကြုတ်မှုမျိုးကိုပင် လုပ်မိတတ်ကြောင်း သတိမူရန် ဖြစ်ပေသည်။ ဘုရားဝတ်တက် အသင်း၊ ဓမ္မစကြာအသင်းစသော ဘာသာရေးအသင်းအဖွဲ့များသည် ၎င်း၊ စာဖတ်သင်း စသော လူမှုရေးအသင်းအဖွဲ့များသည်၎င်း၊ ခပ်ဖျောက်ဖျောက်ပေါ်လာ တတ်၏။ ဤအဖွဲ့အစည်းများသည် လူတို့၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှု၊ အသိဥာဏ်ပွင့်လင်း မှုကို ပေးစွမ်းနိုင်သည့်အပြင် စည်းလုံးညီညွတ်သော အသွင်ကို ဆောင်သဖြင့် များစွာကြိုဆိုထိုက်ပေသည်။
သို့သော် ဤအဖွဲ့အစည်းမျိုးတွင် ပါဝင်ဆောင်ရွက်လိုခြင်း အားပေးလိုခြင်း ဆန္ဒပြင်းပြ စွာမရှိကြပေ။ ထို့ကြောင့်ပင် မကြာမီ ဇီဝိန်ချုပ်၍ ယင်းအဖွဲ့အစည်းများ တိမ်မြုပ်ပျက်စီး ရလေသည်။
ရေသဘင်စသော အပျော်အပါးအသင်း၌ကား ငွေကုန်လူပမ်းဖြစ်ရသော်လည်း ကြိုးကြိုး ပမ်းပမ်း အားကျတတ် ကြသည်။ ဤသို့ဖြစ်ရသည်မှာ ကောင်းမြတ်သော အလေ့အထ ကို မျက်နှာလွှဲတတ်သော လူသားတို့၏ သဘာဝ ကြောင့်ပင်ဖြစ်သည်။
ဤကောင်းမြတ်သော အလေ့အထတို့ကို မျက်နှာလွှဲတတ်ကာ တဖြေးဖြေး ကျောခိုင်း လာလျှင်လည်း ကြည့်လေ ဝေးကွာ နားပမာကဲ့သို့ ကောင်းကျိုးချမ်းသာ မင်္ဂလာတို့မှ ဝေး ကွာ၍သာ လာရပေလိမ့်မည်။
“စကားသင်စ ကလေးငယ်များသည် မည်သည့်စကားလုံးများကို အမြန်ဆုံးတတ်လွယ် ပါသနည်း” ဟုမေးလျှင် “ဆဲရေးတိုင်းထွာသော စကားလုံးများကို အမြန်ဆုံးတတ်လွယ် ပါသည်” ဟုဖြေရပေလိမ့်မည်။
ကျောင်းသားလေးများ၏ လောကကို ကြည်လျှင်လည်း နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း လူရည်ချွန်များကို အားကျ လိမ့်မည်ဟု ထင်ပါသလား။ ဤသို့ထင်လျှင် အမှတ်ပြည့်ရ လမ့်မည်ဟု မထင်ချေ။ အများအားဖြင့် ရွံ့ရှာဖွယ်ရာ ပ,လေးလုံး (ပုံပျက်ပန်းပျက်)၊ အမှု အကျင့် (လမ်းသရဲ အမှုအကျင့်)တို့ကိုသာ အားကျတတ်ကြလေသည်။
ဤအမှုအကျင့်မျိုးသည် တောမီးပမာ အလွန်လည်း ကူးစက်ပြန့်ပွားလွယ်၏။ အာရှ တုတ်ကွေးကဲ့သို့ တမုဟုတ် ချင်းကျယ်ပွားတတ်သည်။ ဤသို့ဖြစ်ရသည်မှာ မကောင်း သောအတုကို အတုခိုးလွယ်သော လူသားတို့၏ သဘာဝကြောင့်ပင်ဖြစ်လေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက လူသားတို့အား ဤသို့မှတ်ချက်ချခဲ့သည်။
“လူသားသည် ဥာဏ်မျက်စိ တိမ်သလာဖုံး၍ မိုက်လုံးပွင့်လှ၏။ အနည်းငယ်သာ ဥာဏ်မျက်စိအလင်းဖြင့် ဖောက်ထွင်းသိမြင်၏” (ဓမ္မပဒ)
လူတို့၏အပြုအမူကိုမြင်ရလျှင် မျောက်တို့သည် အတုလိုက်၍ လုပ်တတ်ကြ၏. သို့ရာ တွင်သူတို့၌ ဆုံးဖြတ်စီစစ် တတ်သော ကိုယ်ပိုင်ဥာဏ်နှင့် ဦးနှောက်မရှိချေ။ အလားတူ စွာကိုယ်ပိုင်ဥာဏ်ဖြင့် ဆစ်ပိုင်းဝေဘန်တတ်သော အသိဥာဏ်မရှိသူတို့သည် တော်-မတော် သင့်-မသင့် ဥာဏ်ဖြင့်မချင့်ချိန်ကြတော့ပဲ မကောင်းသော အလေ့ အထတို့ကို အရမ်းပင် မြင်ကြိုက်လက်ခံပြုမှုတတ်ကြလေသည်။
အစွဲသည် စွဲမိလျှင် အချွတ်ခက်လှ၏။ ဗုဒ္ဓသည် အတ္တစွဲပြင်းထန်လှသော လူသားတို့၏ အစွဲကို ချွေချွတ်ရန် မနားမနေတရားဟောတော်မူခဲ့၏။ အစွဲမကျွတ်သဖြင့် သံသရာမှ မလွတ်မြောက်သူတို့ များစွာကျန်ရစ်ခဲ့လေ၏။ ကျွန်ုပ်တို့သည် ကောင်းသောအလေ့ အထ၌သာစွဲမြဲမိစေရန် “ကောင်းတု”ကိုသာ ယူရပေမည်။
နိုင်ငံအတွက်၎င်း၊ အမျိုးဘာသာ သာသနာအတွက်၎င်း တာဝန်ကျေသော သားကောင်း ရတနာများဖြစ်ရန် ဆန္ဒ ပြင်းပြစွာဖြင့် စွဲမြဲကြိုးစားရမည်မှာ ကျွန်ုပ်တို့တာဝန်သာဖြစ်ချေ သည့်တမုံ့။
စစ်ကိုင်းမင်းရှိန်၂၆-၉-၆၉(ဓမ္မဗျူဟာမဂ္ဂဇင်း- အတွဲ-၈၊ အမှတ်-၅)